ကျောက်တံခါး ဇွန် ၁၄
ပဲခူးတိုင်းဒေ သကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုဝင်များအား အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူးရုံး၌ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် ကျောက်တံခါးမြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စု၊ ခြံကြီးကျေးရွာနှင့် ဖြူးစုကျေးရွာအုပ်စု၊ စီကျန်းကျေးရွာတို့၌ ဇွန်လ ၁၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခြင်းကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ငွေ(၁၇၀၀၀၀)ကျပ်နှင့် အိမ်ထောင်စု(၃)စုမှ လူဦးရေ (၂၂)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၆၂၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၂၁၆၂၀၀)ကျပ်တို့အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)