ဒိုက်ဦး ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဗျိုင်းချယ်ကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာတွင် ဇွန်လ ၁၁ ရက်နေ့ညနေ ၃:၃၀ နာရီအချိန်တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် အိမ်ခြေ ၁၈ လုံး အမိုးများပျက်စီးသွားကြောင်းသိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၈ လုံး ပျက်စီးဆုံးရှုံးမှုတန်ဖိုး(၁,၅၇၀,၀၀၀/)ခန့်ရှိပြီး ပျက်စီးသွားသောအိမ်များအတွက် ပဲခူးတိုင်းလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တိုင်းနှင့်မြို့နယ်ကြက်ခြေနီအသင်းတို့မှ ထောက်ပံငွေနှင့်မိသားစုသုံးပစ္စည်းများကို ယမန်နေ့ညနေပိုင်းက ကညင်တစ်ပင်ကျေးရွာသို့ သွားရောက်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)