မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အထက်မင်းလှ ဇွန် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ် တွင်၂၀၂၂-၂၀၂၃ခုနှစ် ကျောင်းပေါင်းစုံအသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲကျင်းပြုလုပ်မည် ဖြစ်ပြီး အခြေခံပညာကျောင်းများမှ အသက်(၁၆)နှစ်အောက် ကျောင်းသား/ကျောင်းသူများပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် ဘောလုံးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီအလိုက် ပါဝင်သည့်ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရာက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘောလုံးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၂၀၂၂-၂၀၂၃ခုနှစ်  ကျောင်းပေါင်းစုံအသက်(၁၆)နှစ်အောက် ဘောလုံး ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေး ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)