အထက်မင်းလှ ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်များ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်သန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ မြို့နယ်ပညာရေးမှူးဦးဇော်ဝင်းက ကျောင်းသားနှင့် စည်းကမ်းခေါင်းစဉ်ဖြင့်ဟောပြောခြင်း၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းလှိုင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်ဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာဇာငြိမ်းက လူငယ်နှင့်အကျင့်စာရိတ္တကောင်းမွန်ရေး ခေါင်းစဉ်ဖြင့်ဟောပြောခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာအေးမင်းဇော်က ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သူဇာလှိုင်က ကျား၊ မအခြေပြုအကြမ်းဖက်မှုခေါင်းစဉ်တို့ဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ဗလငါးတန်ဘက်စုံဖွံဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)