နတ်မောက် ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကြောင်ပန်းသီးခူးသူများ ပေါများလာသော်လည်း စျေးကောင်းရ၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းသိရသည်။
“ကျွန်တော်တို့ကတော့ ကြောက်ပန်းသီးဝယ်ပါတယ်၊၊ ဝယ်ပြီးသားကြောင်ပန်သီးတွေကို အခြောက်လှန်း ရပါတယ်။ အခြောက်လှန်းပြီးသား ကြောက်ပန်းသီးတွေကို မန္တလေးသို့ တင်ပို့ရောင်းချပါတယ်၊၊ ဒီမှာကတော့ ကြောက်ပန်းသီးအစိုတစ်ပိဿာကို (၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ) ဝယ်ယူပါတယ်။ နတ်မောက်မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများကလည်း အခုဆိုရင် ကြောက်ပန်းသီးခူးသူများပြားလာပြီး အချို့ဆိုရင် မိသားစုလိုက် သွားရောက်ခူးယူကြပါတယ်။ ကြောက်ပန်းသီးအခြောက်ဆိုရင်တော့ တစ်ပိဿာကို ၁၄၀၀၀ ကျပ် ပေးဝယ်ရပါတယ်”ဟု နတ်မောက်မြို့နယ် စျေးသာကျေးရွာနေ ကြောက်ပန်းသီးအဝယ်ဒိုင် ဦးနိုင်လင်းထူးထံမှ သိရသည်။
လှဝင်း