ညောင်တုန်း ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၃) ရပ်ကွက်၊ စည်ပင်သာယာမြို့မဈေး အနောက်ဘက်ရှိ ပန်းလှိုင်မြစ်ကမ်း ယာယီထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ဦးကျော်ကျော်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ပန်းလှိုင်မြစ် ကမ်းပြိုကျမှုအား ယာယီထိန်းသိမ်းနိုင်ရန်အတွက် ပေ(၄၂၀)အရှည်ရှိ အုန်းတိုင် နှစ်တန်းသွားဖြင့် မြစ်ကမ်းထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)