သံတောင်ကြီးမြို့နယ် (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

သံတောင်ကြီး ဇွန် ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community   Centre ခန်းမတွင်  ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနော်လော်မူ ကမူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး သံတောင်ကြီးမြို့မစခန်းမှူး ဒုရဲမှူးသိန်းထွန်းလှအောင်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံသို့ ဘိန်းစတင်ဝင်ရောက်လာပုံ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် ကြုံတွေ့နိုင်သည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ စသည့် အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုအသိပညာ ဗဟုသုတ ရရှိစေရန်အတွက် အွန်လိုင်းမှတဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

နော်နော်မူ