ကျောင်းကုန်း ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက် အနော်ရထာလမ်းနှင့် ကျန်စစ်သားလမ်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ယနေ့ နံနက်ပိုင်းက ရေနုတ်မြောင်း တူးဖော်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းတို့ ကြီးကြပ်လျက် အနော်ရထာလမ်းနှင့် ကျန်စစ်သားလမ်းတလျောက်အား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်း တူးဖော်ပေးခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့လမ်းမှာ အိမ်အဝင်လမ်းတွေကို ရေမြောင်းပိတ်အောင် မြေဖို့ထားသူတွေ များလာတော့ ရေမစီးနိုင်တော့တာပါ၊ မိုးရွာပြီဟေ့ဆိုတာနဲ့ ရေမြောင်းတွေဟာ ရေတွေ ပြည့်လျှံကုန်ပြီး၊ နေအိမ်တွေထဲ ဝင်ရောက်ကုန်တာဟု ဒေသခံတစ်ဦးက ပြောသည်။
ဝင်းကြိုင်(ပြန်/ဆက်)