ပလောက် ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေလှပစေရန် ရည်ရွယ်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်း ၊မြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့ဦးစီးမှူးဦးသွင်စည်သူကျော်ထွေး၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးနှင့် အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်စီနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက စိုက်ပျိုးခြင်းဖြစ်ပြီး မဟော်ဂနီ(၂၀၀)ပင်ကို တစ်ပျော်၊တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)