သာယာဝတီ ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း ၂၀၂၂ ခုနှစ်တွင် မိုးစပါး ၄၅၆၁၈၄ ဧကအား မေလမှစတင်ကာ စိုက်ပျိုးပြီးစီး ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သာယာဝတီခရိုင် အတွင်းမြို့နယ်ပေါင်း ၈ မြို့နယ်ရှိရာ သာယာမြို့နယ်တွင် (၈၁၂၁၇) ဧက၊ လက်ပံတန်းမြို့နယ်တွင် (၆၆၄၆၄) ဧက၊ မင်းလှမြို့နယ်တွင် (၆၁၀၃၇) ဧက၊ မိုးညိုမြို့နယ်တွင် (၃၈၈၉၂) ဧက၊ အုတ်ဖိုမြို့နယ်တွင် (၄၃၅၈၅) ဧက၊ ကြို့ပင်ကောက် မြို့နယ်တွင် (၆၁၁၉၃) ဧက၊ ဇီးကုန်းမြို့နယ်တွင် (၃၈၆၃၆) ဧက၊ နတ်တလင်းမြို့နယ်တွင် (၆၅၁၆၀) ဧက စုစုပေါင်း (၄၅၆၁၈၄) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျ်ုးရာတွင် မိုးရေ၊ ဆည်ရေများဖြင့် စိုက်ပျိုးထားရှိပြီး၊ ၂၀၂၂ ခုနှစ် မေလမှာပင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း နိုဝင်ဘာလ ပထမပတ်တွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး က ပြောသည်။
မိုးစပါးစိုက်တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ချ ကိရိယာများ အခမဲ့ငှားရမ်းပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြီးကြပ် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော် (ပြန်/ဆက်)