ဇီးကုန်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစာ္ဆန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေး သင်တင်းဖွင့်လှစ်

ဇီးကုန်း ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရာဂါများအကြောင်းကို သိရှိနားလည်စေရန်နှင့် ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ တိရစာ္ဆန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ သင်ထောက်ကူပစ္စည်းများ ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံယူခဲ့သည်။

ကာကွယ်ခြင်းသည်ကုသခြင်းထက် ပိုမိုထိရောက်ကြောင်း၊ တိရစ္ဆာန်များတွင် အဖြစ်များသော ရောဂါများအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းကို ဇွန်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဖွင့်လှစ်ပြီး၊ ဇီဝလုံခြုံမှု၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်၊ အဖြစ်များသောရောဂါများနှင့် ကာကွယ်ဆေး/ ကုသရေးများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် ဇီးကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ အခြေခံကျန်းမာရေးလုပ်သားများနှင့် မွေးမြူရေးလုပ်ကိုင်သူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးထံမှ သိရသည်။

တင့်ဆွေ