ကြံခင်း ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူးနှင့်အဖွဲ့သည် ကြံခင်းမြို့နယ် ရှောက်ခုံကျေးရွာအုပ်စုတွင် ဆီထွက်သီးနှံ နေကြာမျိုးစေ့ထုတ် စိုက်ပျိုးခြင်းအား ဇွန်လ ၁၂ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးခြင်းကို ဒုတိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင်နှင့်အဖွဲ့သည် မြို့နယ်စိုက်ပျိုးတိုးတတ်မှု ကော်မတီအဖွဲ့ဝင်များနှင့်အတူ ရှောက်ခုံကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၄၅)၊ ဦးပိုင်အမှတ် (မ/၁၁၆)၊ တောင်သူ ဦးစဝင်းဇော်၏ ယာမြေ (၃ ဧက)တွင် နေကြာမျိုးစေ့ထုတ် စိုက်ပျိုးထားခြင်းကို ကြည့်ရှုပြီး မျိုးစေ့ထုတ်နည်းပညာနှင့် စိုက်ပျိုးနည်းစနစ် ကောင်းမွန်ရေး၊ ဖျက်ဆီးတတ်သော ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အထွက်နှုန်းတိုးတတ်စေရေးတို့အား မြို့နယ်စိုက်ပျိုးရေးမှ တာဝန်ရှိသူများနှင့် တောင်သူများအား တွေ့ဆုံမှာကြားခဲ့သည်။
အဆိုပါ တောင်သူဦးစဝင်းဇော်၏ ယာမြေတွင် မိုးနေကြာ မျိုးစေ့ထုတ် စိုက်ပျိုးခြင်းကို ဇွန်လ (၄)ရက်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဓာတ်မြေဩဇာ၊ မြေခံကွန်ပေါင်း ထည့်သွင်းခြင်းနှင့် မှိုသတ်ဆေးဖြင့် လူးနယ်စိုက်ပျိုးသရုပ်ပြပြီး တောင်သူများနှင့်အတူ စနစ်တကျ အနီးကပ် ကွင်းဆင်းဆောင်ရွက် စိုက်ပျိုးထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)