နတ်တလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အသိပညာပေး Talk Show ဆောင်ရွက်

နတ်တလင်း ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယ​မန်နေ့ နေ့လယ် ၁ နာရီ အချိန်က လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာ‌ပေး Talk Show ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သိလိုသည်များကို မေးမြန်ရာ နတ်တလင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မြင့်မှ ဗလငါးတန်နှင့် ပတ်သက်သည့် အကြောင်းအရာ အချက်အလက်များကို လူငယ်များသိရှိစေရန် ဆွေးနွေးခဲ့ကြသည်။

ထိုသို့ Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အလှည့်ကျ စီစဉ်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)