လှိုင်းဘွဲ ဇွန် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ လှိုင်းဘွဲမြို့ပေါ်(၄)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ပြီးစီးကြောင်း သိရှိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်(ဧပြီ၊မေ၊ဇွန်)လအတွက် လှိုင်းဘွဲမြို့ပေါ်(က)ရပ်ကွက် အတွင်းမှ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီး အဘိုး(၉)ဦး၊ အဘွား(၁၁)ဦး၊ လှိုင်းဘွဲမြို့(ခ)ရပ်ကွက်မှ သက်ကြီးအဘိုး(၄)ဦး၊အဘွား(၁၀)ဦး၊ လှိုင်းဘွဲမြို့(ဂ)ရပ်ကွက်မှ အဘိုး(၆)ဦး၊ အဘွား (၄)ဦးနှင့်(ဃ)ရပ်ကွက်မှ အဘိုး(၂)ဦး၊ အဘွား(၃)ဦး စုစုပေါင်း သက်ကြီးဘိုးဘွား(၄၉)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၁၄၇၀၀၀၀)ကျပ်ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပြီးစီးပြီး ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှသိရှိရသည်။
စောဒိ(ပြန်/ဆက်)