အုတ်တွင်း ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြို့အထွက်တိုးဂိတ်နေရာများတွင် လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းအချိန်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်မှုရှိ/မရှိကို လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြင့်ဇော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးဝင်းနိုင်နှင့်ဝန်ထမ်းများက ခရီးသွားယာဉ်ပေါ်တွင် လိုက်ပါလာသော အသက် ၁၈ နှစ်အထက်ရှိ ခရီးသည်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ခြင်းရှိ/မရှိနှင့် ခရီးသည်များအန္တရာယ်တစ်စုံတစ်ရာမဖြစ်ပေါ်စေရေးအတွက် ယာဉ်များအား လုံခြုံရေးလိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းများကို အပတ်စဉ် မြို့အထွက်တိုးဂိတ်နေရာများတွင် ဌာနဆိုင်ရာဝန်ထမ်းများမှ တာဝန်ကျဝန်ထမ်းများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)