ရန်ကုန်- ပြည်ကားလမ်းတွင် မိုးရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုဖြစ်ပေါ်

အုတ်ဖို ဇွန် ၁၃

လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အုတ်ဖိုတာဆုံနှင့် သဖန်းပင်ဆိပ်ကျေးရွာကြား ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် ၁၁၃/၂ တွင် ယမန်နေ့ညနေပိုင်းက မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါရေလျှံမှုဖြစ်ပေါ်လျှက်ရှိရာနေရာတွင် ခရီးသွားလာပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင်နှင့် တပ်ဖွဲ့ဝင်များမှ လမ်းရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ