တောင်တွင်းကြီး ဇွန် ၁၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြိုနယ် ကုက္ကိုကုန်းကျေးရွာတွင် ကျောက်မိချောင်း ချောင်းရေကို အသုံးပြုကာ ယိုးဒယားအစေ့ထုတ်သခွားစိုက်ခင်းကို စမ်းသပ်စိုက်ပျိုးထားရှိကြောင်း သိရသည်။
ယိုးဒယားအစေ့ထုတ်သခွားကို မြေတစ်ဧကခွဲတွင် စတင်စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်ပြီး မျိုးစေ့ရှစ်ထောင် ပျိုးထောင်ထားရှိကြောင်း သိရသည်။ ရှေးဦးစွာ ပျိုးထောင်ခွက်အတွင်း မြေဆွေးအသုံးပြုကာ တစ်ပတ်ခန့်ပျိုးထောင်ထားရှိပြီး ပျိုးထောင်ခွက်မှ စိုက်ခင်းထဲ ပြောင်းရွှေ့စိုက်ပျိုးရကြောင်း၊ ကျောက်မိချောင်း ချောင်းရေကို ရေစုပ်စက်ဖြင့်တင်ကာ ရေသွင်းပေးရကြောင်း၊ ၁၅ ရက်အကြာတွင် နွယ်တက်မှာဖြစ်သည့်အတွက် ဝါးထောင်ခြင်း၊ ကြိုးဆွဲခြင်းလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်လခွဲအကြာတွင် အသီးမှည့်များဆွတ်ခူးပြီး အစေ့ထုတ်ရတော့မည်ဖြစ်ကြောင်း ယိုးဒယားအစေ့ထုတ်သခွား စတင်စမ်းသပ်စိုက်ပျိုးထားသူ တောင်သူဦးဖိုးကျားထံမှ သိရသည်။
အဆိုပါ စမ်းသပ်စိုက်ပျိုးထားသည့် ယိုးဒယားအစေ့ထုတ်သခွားမျိုးစေ့ (၈၀၀၀) စိုက်ရာတွင် အစေ့ကီလို(၂၀၀)ခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး အစေ့တစ်ကီလိုလျှင်(၄၇၀၀၀)ကျပ်ဖြင့် တင်သွင်းရမည်ဖြစ်ကြောင်းနှင့် အလှကုန်ပစ္စည်းကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း သိရသည်။
အေးမိုးမိုးမြင့်