သာပေါင်းမြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

သာပေါင်း ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ပြည်သူများ သိရှိ လိုက်နာဆောင်ရွက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန်၊ အခြေခံပညာကျောင်များတွင် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရန် ကျန်ရှိကျောင်းများ ပညာရေးနှင့် ကျန်းမာရေးပူးပေါင်း၍ ဆောင်ရွက်ရန်၊ ရပ်ကွက် ကျေးရွာများတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ကျန်းမာရေးပူးပေါင်း၍ ဖုံး၊သွန်၊လဲ၊စစ် ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်