ဇီးကုန်းမြို့နယ်တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ဇီးကုန်း ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(BOOK CLUB)တို့ပူးပေါင်း၍ ယနေ့နေ့လည် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာရေးဆရာအောင်သင်း၏ “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်အားဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်မာမာဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာများဖြစ်သော ဇီးကုန်း-ဇော်ဝင်းမောင်၊ ကိုသက်-ဇီးကုန်း၊ အေးမော်-ဇီးကုန်း၊ ဦးစံမောင်(မြန်မာမျက်ပွင့်စာကြည့်တိုက်)နှင့် သူရိန်ဝင်း(ဇီးကုန်း)တို့က လူငယ်များဘဝရည်မှန်းချက် အောင်မြင်တိုးတက်ရေးအတွက် ကျင့်ကြံမှတ်သား လိုက်နာသင့်သည့်အချက်များ၊ အားကျအတုယူဖွယ်ရာများ၊ ရည်ရွယ်ချက်ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိအောင် နိုင်ငံခေါင်းဆောင်ကြီးများ၏ ကျိုးစားဆောင်ရွက်မှုများကို သုတရသသာဓကနှင့် မိမိတို့၏အတွေ့အကြုံများ စုံလင်စွာဖြင့် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ (ပြန်ဆက်)