ကမမောင်း ဇွန် ၁၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ "လောကဓံ ဦးထွန်းလှ" ရေးသားသည့် "ဘာလဲဟဲ့ လောကဓံ" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကိုယနေ့ နံနက်(၁၁)နာရီအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဖာပွန်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူးဒေါ် နန်းခင်ခင်ထွန်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြင့် လူငယ်လူရွယ်များစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်နှင့် စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန်စသည့်များအားရှင်းလင်းပြောကြားပြီး ကမမောင်းမြို့ရုံးမှစာကြည့် တိုက်လက်ထောက်-၃(အင်အားပြ)ဒေါ်တင်တင်လှက "လောကဓံလောကဓမ္မ"ဟူသည် လောက(သတ္တ လောက)၊ လူတို့၏ဖြစ်စဉ်(ဘဝ)၊ မှန်ကန်သော သဘော(တရား)၊ လူ့လောက ၏အမှန်တရားများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတက်ရောက်လာကြသော စာအုပ်စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများကိုပြန်လည်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲအား ကျန်းမာရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)