အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocation Education Training) (၂/၂၀၂၂) သစ်သီးဝလံ အ​ခြေခံတန်ဖိုးမြှင့်စား​သောက်ကုန်​ ဖျော်ရည်နှင့်ယို အမျိုးမျိုးပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ချောက် ဇွန် ၁၃

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့​ရေနံနှင့် သဘာဝဓာတ်​ငွေ့လုပ်ငန်း၊​ ချောက်/လမ်းရွာ​ရေနံ​မြေနှင့် အကျိုးတူပူး​ပေါင်း​ဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီနှင့် အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်​သော (၂/၂၀၂၂)အဖြစ် သစ်သီးဝလံ အ​ခြေခံတန်ဖိုးမြှင့်စား​သောက်ကုန်​ဖျော်ရည်နှင့်ယို အမျိုးမျိုးပြုလုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက်၉နာရီအချိန်က အမှတ်()လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေ လုပ်ငန်းခွင်သင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ​​ ချောက်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူးဦးစိုးလွင်က အဖွင့်အမှာစကား​ပြောကြားရာတွင် သင်တန်းအားပြီးဆုံး​အောင်တက်ရောက်ကြရန်၊ မိမိတတ်ထား​သောပညာအား ပြန်လည်မျှ​ဝေ​ပေးရန်၊ အ​သေးစားလုပ်ငန်းမှတဆင့် လုပ်ငန်းရှင်ကြီးဖြစ်​အောင် ကြိုးစားကြရန် ပြောကြားခဲ့သည်။ ယင်းနောက် ချောက်/လမ်းရွာ​ရေနံ​မြေအ​ထွေ​ထွေမန်​နေဂျာဦးရဲနိုင်မှ Goldpetrol ကုမ္ပဏီ၏ ၂၀၂၂ ခုနှစ် လူမှုရေးတာဝန်သိမှု CSR အစီအစဉ်ဖြင့်​ အသက်​မွေးဝမ်းကြောင်း ပညာသင်တန်း (VocationEducationTraining)သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် မိမိတို့ဒေသထွက်အသီးအနှံများဖြင့် စားသောက်ကုန်များကို နည်းစနစ်တကျလုပ်ကိုင်၍ စီးပွားရေးအခွင့်အလမ်းများ ရရှိအောင်ဆောင်ရွက်ကြရန်၊  ဇွန်လအတွင််း သီးနှံကိုအ​ခံသော စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းတစ်မျိုးအားနှစ်ကြိမ်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဇူလိုင်လတွင်လည်း စားသောက်ကုန်ထုတ်လုပ်နည်း မုန့်သင်တန်း၊ ဩဂုတ်လတွင်ဆိုင်ကယ်ပြင်သင်တန်းများဆက်လက် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မ​ကွေးတိုင်း​ဒေသကြီးအ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ နည်းပြဆရာမဒေါ်စုဝေဖြိုးက အသက်​မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocation Education Training)ပေးခြင်းဖြင့်​ ဒေသတွင်းပြည်သူများအိမ်တွင်းမှုလုပ်ငန်းဖြင့် မိသားစုဝင်​ငွေ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာ​စေရန် ရည်ရွယ်​ကြောင်းရှင်းလင်း​ပြောကြားခဲ့သည်။

ထိုနောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ချောက်/လမ်းရွာရေနံမြေအထွေထွေမန်နေဂျာတို့မှ သင်တန်းသား/သင်တန်းသူများသင်​ထောက်ကူပစ္စည်းများဖြစ်သည့် စာအုပ်နှင့်​ဘောပင်များအား ​ဝေငှပေးခဲ့ပြီး စု​ပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြသည်။ သင်တန်းသို့ စိတ်ပါဝင်စားသူ သင်တန်းသား ကျား ၂ ဦး၊ မ ၁၈ ဦး၊ စုစု​ပေါင်း (၂၀) ဦးတက်ရောက်ခဲ့​ကြောင်း၊ သင်တန်းအား ဇွန် ၁၃ ရက်​နေ့ မှ ​ဇွန် ၁၉ ရက်​​နေ့အထိ၊​နေ့စဉ် နံနက် နာရီမှ နံနက် ၁၁ နာရီခွဲထိ၊ နေ့လယ် ၁ နာရီမှ ည​နေ နာရီအထိ စာ​တွေ့လက်​တွေ့ သင်ကြားပို့ချသွားမည်ဖြစ်​ကြောင်း၊ သင်တန်းတွင်ဇီး​ဖျော်​ရည်အဆီ၊ ဇီးယို၊ မန်ကျည်း​ဖျော်ရည်အဆီ၊ မန်ကျည်း​ဆော့(စ်)၊ အာလူး​ကြော်၊ ငှက်​ပျော​ကြော်၊ ရှားစောင်းဖျော်​ရည်အသင့်​သောက်၊ ဂျင်းပျားရှာက်ပြားအသင့်​သောက်၊ ခရမ်းချဉ်သီးယို၊ ပဲယို/နှမ်းယိုပြုလုပ်ခြင်း၊ သ​င်္ဘောချဉ်စပ်ယို၊ သ​​​င်္ဘောအချိုယို၊ နာနတ်​ဖျော်ရည်၊ နာနတ်ဝိုင်၊​ကျောက်ဖရုံယို၊ နာနတ် Syrup ပဲ​ခွေ​ကြော်စသည့် အသီးအနှံများမှ​ ဖျော်​ရည်၊ ယိုမျိုးစုံအမျိုးမျိုးထုတ်လုပ်နည်း(၁၇)မျိုးသင်ကြားပို့ချသွားမည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့် ဖိတ်ကြားထား​သော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီ​​ရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူသင်တန်းသားများ တက်​ရောက်ခဲ့​ကြောင်းသိရသည်။

ကျော်မိုး (ပြန်/ဆက်)