ဆိပ်ဖြူ ဇွန် ၁၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် နယုန်လပြည့်၊ မဟာသမယအခါတော်နေ့တွင် နဝမအကြိမ်မြောက် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၃ ရက်နံနက် ၇ နာရီက မြို့နယ်ကျက်သရေဆောင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ဗိဗ္မာန်၌ကျင်းပပြုလုပ်သည်။
ဆိပ်ဖြူမြို့နယ်၊ မြို့နယ်သံဃနာယက ဩဝါဒစရိယ ဆရာတော်ဘုရားကြီးများ၏ လမ်းညွှန်မှုများကိုခံယူ၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့များ၊ ဒေသခံပြည်သူများပူးပေါင်း၍ မဟာပဋ္ဌာန်းပူဇော်ပွဲကို နှစ်စဉ်ကျင်းပပူဇော်လျက်ရှိရာ နဝမအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။
နယုန်လပြည့်၊ မဟာသမယအခါတော်နေ့တွင် နဝမအကြိမ်မြောက် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်သံဃနာယကဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးနှင့် ဆရာတော်သံဃာတော်များ ကြွချီတော်မူခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များနှင့်ဗုဒ္ဓဝေယျာဝစ္စအဖွဲ့များ၊ ဒေသခံပြည်သူ အလှူရှင်များ တက်ရောက်ပူဇော်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များက နဝမအကြိမ်မြောက် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီး ဘုရားပင့်၊ သမာဒေ၀ နတ်များပင့်ဖိတ်ဂါထာတော်များ ရွတ်ပွားပင့်ဖိတ် ပေးတော်မူခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များနှင့်ဗုဒ္ဓဝေယျာဝစ္စအဖွဲ့များ၊ ဒေသခံပြည်သူ အလှူရှင်များက မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးသုစိတ္တထံမှ သီလဆောက်တည်တော်မူခဲ့ကြသည်။ ၎င်းနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးသုစိတ္တက နယုန်လပြည့်၊ မဟာသမယအခါတော်နေ့နှင့် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရခြင်းအကျိုးများကို မြွက်ကြားပေးတော်မူပြီး ဆရာတော်သံဃာတော်များနှင့်အတူ မြတ်စွာဘုရားရှင် ဟောကြားပေးတော်မူခဲ့သည့် မဟာပဋ္ဌာန်းကျမ်းတော်မြတ်ကြီးကို စတင်ရွတ်ဖတ်သရဇ္ဇျယ်ပူဇော်ခဲ့သည်။
မဟာပဋ္ဌာန်းကျမ်းတော်မြတ်ကြီးကို ဆရာတော်သံဃာတော်များက ဇွန်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၇၂)နာရီ အသံမစဲရွတ်ဖတ်သရဇ္ဇျာယ် ပူဇော်ပေးသွားမည်ဖြစ်ကြောင်း မဟာပဋ္ဌာန်းကျမ်းတော်မြတ်ကြီး အသံမစဲရွတ်ဖတ်သရဇ္ဇျယ် ပူဇော်ပွဲကြီးတွင် ရွတ်ဖတ်သရဇ္ဇျာယ်ပေးတော်မူသည့် ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္တု လှူဒါန်းကြသည့်၊ အလှူရှင်များ၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့များ၊ ပဋ္ဌာန်းတရားတော်နာကြားလာသည့် ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရှိရသည်။
စိုးလင်းနိုင်(IPRD)