မေတ္တာမြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်/စာစောင်ပြပွဲများပြုလုပ်

မေတ္တာ    ဇွန်  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီခွဲက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးချိုက Sunday School ကလေးငယ်များ ကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ အရောင်အသွေးများ ခွဲခြားတတ်စေရန်၊ ကလေးငယ်များ၏ ကိုယ်ပိုင်အတွေးအခေါ်များဖြင့် အရာရာကို ဖြတ်ကျော်နိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်တတ်စေရန်၊ လူမှုပတ်ဝန်းကျင်နှင့်ပြောဆို ပေါင်းသင်းဆက်ဆံတတ်ပြီး ယဉ်ကျေးလိမ်မာသော ကလေးငယ်များဖြစ်လာစေရန်၊ ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ပြောကြားသည်။

ပြိုင်ပွဲတွင် ဆိတ်ကူးအသင်းတော်မှ Sunday School ကလေးငယ်များကပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်း ဆုံးပါဝင် ယှဉ်ပြိုင်နိုင်သူ ကလေးငယ်များအား ဒေါ်အေးအေးချိုက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးချို(မေတ္တာ)