ခမောက်ကြီး ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နေရပ်ပြန်ပြည်သူတို့အား အိန္ဒိယနိုင်ငံထုတ် (Covaxin) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့ နံနက်ပိုင်းက ခမောက်ကြီးမြို့ Quaratine Center တွင် ထိုးနှံပေးခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကော့သောင်းမြို့နယ် ကျန်းမာရေးဌာနမှ သားဖွားဆရာမကြီးဒေါ်စန်းစန်းမြင့်နှင့် ဆရာမ (၂) ဦးတို့သည် အသက် (၁၈) နှစ်အထက် နေရပ်ပြန်အမျိုးသား (၄၀) ဦးအား ကာကွယ်ဆေး (၁) လုံးလျှင် လူ (၁၀) ဦးနှုန်းဖြင့် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရူပါမြင့် (ခမောက်ကြီး)