ဖြူး ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်းကာ စာရေးဆရာ မောင်မင်းစိုး၏ မအောင်မြင်ခြင်းရဲ့ ဇာစ်မြစ်များနှင့် အခြားလူငယ်လမ်းညွှန်ဆောင်းပါးများ စာအုပ်အား ဖတ်ကြားဆွေးနွေးခြင်းကို ဇွန်လ (၁၃) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက မအောင်မြင်ခြင်းရဲ့ ဇာစ်မြစ်များနှင့် အခြားလူငယ်လမ်းညွှန်ဆောင်းပါးများ စာအုပ်အား ဆွေးနွေးသုံးသပ်ချပြပြီး ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက ဖတ်ကြားဆွေးနွေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်အားဖတ်ကြားကာ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဖြူးမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ လူငယ်များ၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အဆိုပါ စာအုပ်အား ခေါင်းစဉ်အလိုက် ဖတ်ကြားခြင်း၊ ဆွေးနွေးခြင်း၊ မေးမြန်းခြင်းများ ဆောင်ရွက်ကြရာ တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)