ဒေးဒရဲမြို့နယ်တွင် ဓာတ်မြေသြဇာ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဓာတ်မြေသြဇာ အရောင်းဆိုင်များတွင် ဓာတ်မြေသြဇာစျေးနှုန်းများ တည်ငြိမ်စွာ ရောင်းချနိုင်ရေး၊ စျေးနှုန်းကြီးမြင့်စွာ သိုလှောင်ရောင်းချမှုမရှိစေရေး ရည်ရွယ်၍ ဓာတ်မြေသြဇာ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးအရောင်းဆိုင်များ၊ ဓာတ်မြေသြဇာ သိုလှောင်ရုံများ လိုက်လံစစ်ဆေးခြင်း၊ ဓာတ်မြေသြဇာ အမှတ်တံဆိပ်နှင့် အရေအတွက်များကို စနစ်တကျ စာရင်းရေးသွင်းခြင်းနှင့် ဓာတ်မြေသြဇာစျေးနှုန်းများ တည်ငြိမ်စွာ ရောင်းချနိုင်ရေး၊ စျေးနှုန်းကြီးမြင့်စွာ သိုလှောင်ရောင်းချမှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း