ပေါက်ခေါင်း ဇွန် ၁၃
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်နေ့ ယနေ့ နံနက် ၇ နာရီအချိန်က ပေါက်ခေါင်းမြို့လေးမျက်နှာ စေတီတော်မြတ်ကြီးရှိ မိုးကောင်းစိန် ဘုရားဖွင့်လှစ် အပူဇော်ခံပွဲကို မဟာသန္တိသုခဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ် ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်များက လေးမျက်နှာစေတီတော် ဩဝါဒဆရာတော်ကြီးထံမှ (၈) ပါးသီးလနှင့် ဩဝါဒကထာနာယူကြသည်။ထို့နောက် မိုးကောင်း စိန်ဘုရားကို မူလသတင်းသုံးတော်မူရာ ဂန္ဓကုဋီတိုက်အတွင်းမှ မဟာသန္တိသုခဓမ္မာရုံအတွင်းသို့ ပင့်ဆောင်၍ အနေကဇာတင်တော်မူခြင်း၊ ဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တော်၊ ငါးရံ့မင်းပရိတ်တော်နှင့် မဟာသမယသုတ်များ ရွတ်ဖတ် သရဇ္ဇာယ်ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုကန်တော့၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)