ရှမ်းရွာသစ်မြို့တွင် ကျောင်းသားကျောင်းသူများ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာကြံ့ခိုင်စေရန် အားကစားပြိုင်ပွဲများပြုလုပ်

ရှမ်းရွာသစ် ဇွန် ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းစာတွင်သာမက အဖက်ဖက်တွင် ထူးချွန်သောကလေးများဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း မြို့ဦးစီးမှူးမှ ရှင်းလင်းပြောကြားပြီးနောက် မူလတန်းအဆင့် ကျောင်းသား/သူ(၂၂)ဦးတို့က ခါးလှည့်ကွင်းပြိုင်ပွဲ၊ ဘောလုံနောက်ပစ်ပြိုင်ပွဲ၊ ဘိုးလိမ်းပစ်ပြိုင်ပွဲနှင့် ခုံလုပြိုင်ပွဲတို့တွင်စိတ်ဝင်စားစွာ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုဆုချီးမြှင့်၍ ပြိုင်ပွဲဝင်သူများအားလုံးကို လက်ဆောင်များပေးပြီး အာဟာရဖြစ်စေရန် မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)