ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

ကျိုက်လတ် ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲပြုလုပ်ခဲ့ရာ အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်နှင့် ငွေကျပ် (၁၆၀၀ဝ)၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၁၆)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်နှင့် ငွေကျပ် (၁၁၀၀ဝ)၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ (၃၁)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်နှင့် ငွေကျပ်(၈၀၀ဝ)နှုန်း တို့ဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၈)ဦးအတွက် ငွေ(၆ဝဝဝဝဝိ/-)နှင့် ကျောင်းသုံး ဗလာစာအုပ်အတွက် ငွေ (၁၈၁၆၀၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ (၇၈၁၆၀၀၀/-)တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစု စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်ခိုင်နှင့် တာဝန်ရှိသူများက ဝန်ထမ်းသား၊ သမီးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)