လိပ်သို ဇွန် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ကြစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို လိပ်သိုမြို့ရုံး နံရံကပ်ပြဘုတ်၌ ပြသထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းဖို့ သစ်တောသစ်ပင်များထိန်းသိမ်း စိုက်ပျိုးခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်နိုင်ကြောင်း၊ လူတစ်ယောက်ရဲ့ တစ်နှစ်တာအသက်ရှုနိုင်ဖို့လိုအပ်တဲ့ အောက်ဆီဂျင်ကို သစ်ပင်(၈)ပင်မှ ထုတ်ပေးနိုင်ကြောင်း၊ ကမ္ဘာမြေကိုထိန်းသိမ်းဖို့ လူတစ်ဦးချင်းလုပ်ပေးနိုင်သောအရာများ စသည့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဒေသနေပြည်သူများသိရှိလေ့လာနိုင်ရန်အတွက် ပြသဆောင်ရွက်ထား ကြောင်းသိရသည်။
စောဝေါ်ကွောထူး