လေးမျက်နှာ ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်း၌ စာရေးကွင်း ကျေးရွာအုပ်စု ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်(၃၁/၁) တောင်သူ ဦးသိန်းထွန်း၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတွင် လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ ်ဦးစီးမှူး ဦးစောဝင်းရွှေမှ တက်ရောက် လာသူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိူးကျေးဇူးများနှင့် မြေဆီလွှာ၏ ဂုဏ်သတ္တိများ ပြောင်းလဲလာကာ ဓာတ်မြေသြဇာ လျှော့ချသုံးစွဲနိုင်ပြီး စပါးအထွက်နှုန်း တိုးတက်စေ ကြောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်ရာ တက်ရောက်လာသူများမှ ကြည့်ရှုအားပေးခဲ့သည်။ လေးမျက်နှာမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) ၁၀၀၈ ဧက ထည့်သွင်း စိုက်ပျိုး ထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်ဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိူးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအတွင်းရှိ စိတ်ပါ ဝင်စားသူတောင်သူများ တက်ရောက်ခဲ့သည်။
ကျော်ဟိန်း(ပြန်/ဆက်)