လက်ပံတန်းမြို့နယ်တွင် "သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး" ဆိုင်းဘုတ်ပိုစတာများ စိုက်ထူ

လက်ပံတန်း    ဇွန်  ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အိုးအတွင်းပိုင်း တိုက်ချွတ်စသည့် အသိပညာပေးအချက်များပါဝင်သည့် "သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး" ဆိုင်းဘုတ်ပိုစတာများအား ယမန်နေ့နံနက် နာရီက စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (ခေတ္တ)ဒေါက်တာထင်ဇော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဌာနဆိုင်ရာများက အလျား(၁၂) ပေ၊ အနံ(၁၀) ပေရှိ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ် ()ခုကို  မြို့နယ်ပြည်သူ့ဆေးရုံရှေ့၊ စည်ပင်သာယာဈေးရှေ့လမ်းဆုံနှင့် တန်(၂၅၀)ဆန်စက်လမ်းဆုံတို့တွင် စိုက်ထူထားရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)