ဒိုက်ဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြောင်း အသိပညာပေး (Talk Show)ကျင်းပ

ဒိုက်ဦး ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်းအုပ် (ငြိမ်း)တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြောင်း အသိပညာပေး (Talk Show)ကျင်းပပြုလုပ်ခြင်းကို  ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန  Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာကြီး(ငြိမ်း) ဦးမြသိန်းဇော်က မူးယစ်ဆေးဝါးသုံးစွဲသူများရရှိမည့် ထိခိုက်မှု ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနည်းလမ်းများအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)