သာပေါင်းမြို့နယ်ရဲတပ်ဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးရွယ်အိုးများနှင့် ဆင်းရဲနွမ်းပါး အိမ်ထောင်စု (၁၄)စုအတွက် ထောက်ပံ့ငွေများပေးအပ်

သာပေါင်း ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ ဒုတိယရဲမှူးဝင်းနိုင်ဦးနှင့် နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ်အောင်မိုးတို့က မြို့ပေါ်ရပ်ကွက်များရှိ ဆင်းရဲနွမ်းပါး သက်ကြီးရွယ်အိုးများနှင့် ဆင်းရဲနွမ်းပါး အိမ်ထောင်စု (၁၄)စုအတွက် ဆန်အိတ်()အိတ်၊ တန်ဖိုးငွေ (၁၃၂၀၀၀)ကျပ်တို့ကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ အချိန်မှစတင်၍ လိုက်လံ လှူဒါန်းထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ ဒုတိယရဲမှူးဝင်းနိုင်ဦးနှင့် နယ်ထိန်း ခေါင်းဆောင် ဒုတိယရဲအုပ် အောင်မိုးတို့က အမှတ်()ရပ်ကွက်၊ ရန်အောင်ပြေလမ်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အတွင်း သက်ကြီးရွယ်အိုးများနှင့် ဆင်းရဲနွမ်းပါး အိမ်ထောင်စု()စုတို့အတွက် ဆန်()အိတ်၊ တန်ဘိုးငွေ (၆၆၀၀၀)ကျပ် အမှတ်()ရပ်ကွက်၊ ချမ်းမြေ့ သာယာလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု ()စုတို့အတွက် ဆန်()အိတ်၊ တန်ဘိုးငွေ(၆၆၀၀၀)ကျပ် စုစုပေါင်း အိမ်ထောင်စု(၁၄)စု၊ ဆန်()အိတ်၊ တန်ဘိုးငွေ(၁၃၂၀၀၀)ကျပ်အား လိုက်လံ လှူဒါန်း ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)