ထားဝယ် ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုများအား ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများရာနှုန်းပြည့် ထိုးနှံနိုင်ရေးကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ကာကွယ်ဆေးထိုးနှံ စုရပ်များတွင် အများပြည်သူများအားကာကွယ် ဆေးများထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းနှင့်ဝန်ထမ်း မိသားစုများ၊ အသက်(၅) နှစ်နှင့်အထက်လူငယ်လူရွယ်များ၊ အသက်(၅၀)အောက်နိုင်ငံ့ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ၊ အသက်(၆၅)နှစ်နှင့် အထက်အများပြည်သူများ၊ ကျောင်းသား/သူများ၊ ပညာရေးဝန်ထမ်းများ၊ ကာကွယ်ဆေးမထိုးနှံရသေးသောသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒုတိယကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးစုရပ်ဖြစ်သောထားဝယ်မြို့၊ မြို့တော်ခန်းမ၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ ထားဝယ်တက္ကသိုလ်၊ ရွှေထားဝယ်ကိုယ်ပိုင်အထက်တန်း ကျောင်းနှင့် တလိုင်းတောင်ကျေးရွာများတွင် ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာပရဟိတအသင်း အဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ဇွန်(၂၇) ရက်နေ့အထိ ကာကွယ်ဆေးများကို ထိုးနှံဆောင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)