လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင်  ယဉ်ကျေးလိမ္မာဓမ္မစကူးလ် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

လှိုင်းဘွဲ   ဇွန်  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာစင်တာဟိတ ဓရ‌ဖောင်ဒေးရှင်း(ခွဲ)နှင့် ဆရာတော်/သံတော်ကြီးများက ဦးဆောင်၍ ယဉ်ကျေးလိမ္မာဓမ္မစကူးလ် သင်တန်းဖွင့်ပွဲကို ယမန်နေ့က ဒိုင်းပြကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မဲဆမိတ်ကျောင်းဆရာတော် အရှင်စန္ဒရက ဩဝါဒမိန့်ကြားခဲ့ပြီး ဒိုင်းပြကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သင်တန်းဆရာတစ်ဦးက လူငယ်များ အခြေခံဗုဒ္ဓတရားတော်များကို သိရှိပြီး ယဉ်ကျေးလိမ္မာလာစေရန်၊ မွန်မြတ်သော အခြေခံဗုဒ္ဓတရားတော်များကို သိရှိပြီး တန်ဖိုးရှိသောလူငယ်များ ဖြစ်လာစေရန်နှင့် ဓမ္မစကူးလ် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဖွင့်လှစ်သင်ကြားမည့် ဘာသာရပ်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် လူငယ်များ အခြေခံဗုဒ္ဓတရားတော်များကို သိရှိနိုင်စေရန်အတွက် ဆရာတော်များ ဦးဆောင်၍ ယဉ်ကျေးလိမ္မာသင်တန်း ဆရာ၊ဆရာများကနွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ ယခုသင်တန်းကို အပတ်စဉ် စနေ၊တနင်္ဂနွေတို့တွင် ရတနာ သုံးပါး၊ ဗုဒ္ဓဝင်မင်္ဂလာတရားတော်များ၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လိုက်နာကျင့်သုံးရမည့် လုပ်ငန်းစဉ်များ၊ လူမှုကျင့်ဝတ်များ၊ ဗုဒ္ဓဝါဒအဘိဓမ္မာ တရားတော်များ၊ အဆုံးအမတရားတော်များ၊ စသည့် အခြေခံဗုဒ္ဓ တရားတော်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)