လှိုင်းဘွဲမြို့နယ် အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

လှိုင်းဘွဲ ဇွန် ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုပေါင်း၍ အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က လှိုင်းဘွဲမြို့ () ရပ်ကွက်၊ အမှတ် () အခြေခံပညာမူလတန်းလွန် ကျောင်းဝင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက လာရောက်ကြည့်ရှုခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်ဗျူဟာအခြေချ (လှိုင်းဘွဲ) တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာတွင် သန့်ရှင်းသာယာလှပပြီး စိတ်အေးချမ်းစွာ ကျောင်းတက်နိုင်ရန်အတွက် အမှတ် () အခြေခံပညာ မူလတန်းလွန်ကျောင်းဝင်း/ကျောင်းပြင် အမှိုက်များရှင်းလင်းခြင်း၊ အပင်များ ခုတ်ထွင်ရှင်းခြင်း၊ မြက်ပင်များရှင်းလင်းခြင်း၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန်အတွက် ရေနုတ်မြောင်းများ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စောဒိ (ပြန်/ဆက်)