ကျောင်းကုန်း ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ဇရပ်ကွင်းကျေးရွာ၊ တောင်သူ ဦးဝင်းစိန်၏ လယ်မြေ (၅)ဧကတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အမာရီနှင့် ဝန်ထမ်းများ၊ ဇရပ်ကွင်း၊ ဗျိုက်၊ တံခွန်တိုင်၊ ကညင်သုံးဆင့်ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် လေမှ နိုက်ထရိုဂျင်ဓာတ်ကို စုပ်ယူပြီး အပင်ကြီးထွား ဖြစ်ထွန်းမှုအတွက် အသုံးပြုနိုင်မည်ဖြစ်ကာ မြေဆီလွှာအား အဓိကအားဖြင့် နိုက်ထရိုဂျင်ဓာတ်ကို ဖြည့်တင်းပေးခြင်း ဖြစ်သဖြင့် ဓာတ်မြေသြဇာ ကုန်ကျစရိတ် သက်သာပြီး၊ တောင်သူများ၏ အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းလာမည် ဖြစ်ကြောင်း သိရှိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)