လပွတ္တာ ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ကျောက်ဖြူကျေးရွာတွင် ကျေးရွာသုံး ထင်းစိုက်ခင်း စုပေါင်းစိုက်ပျိုးခြင်းနှင့် ပျိုးပင်များ အခမဲ့ဖြန့်ဝေခြင်း အခမ်းအနားကို မြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်မှု့ဖြင့် ယနေ့နံနက် ၈:၃၀ အချိန်က စုပေါင်း သစ်ပင်စိုက်ပျိုးခြင်းနှင့် ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ကျေးရွာသုံး ထင်းစိုက်ခင်း တစ်ရွာလျှင် (၂)ဧကနှုန်းဖြင့် မန်ဂျန်ရှားပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ သစ်ပင် စုပေါင်းစိုက်ပျိုးရာသို့ မြို့သစ်တောဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံပြည်သူ( ၆၀)ဦး တက်ရောက်ကြသည်။
ထို့နောက် မြို့နယ်သစ်တော ဦးစီးအရာရှိဦးကျော်သူနှင့် တာဝန်ရှိသူများက ကျေးရွာနေ ပြည်သူများအတွက် ပျိုးပင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကျောက်ဖြူကျေးရွာ၌ အကျိုးပြုအိမ်ထောင်စု( ၂၅၇)စု၊ အကျိုးပြု ကျေးရွာ လူဦးရေ (၈၇၂)ဦး တို့အတွက် မန်ဂျန်ရှားပင်အရေအတွက် (၂၄၂၀)ပင်အား စိုက်ပျိုးပေးခြင်း၊ အခမဲ့ ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)