ဇီးကုန်း ဇွန် ၁၃
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင် ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်မှ(၁၇)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Myancophram)ကို ယနေ့နံနက် ၈ နာရီက အ.ထ.က(ဇီးကုန်း)ကျောင်း၌ ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်မှ(၁၇)နှစ်ထိ ကျောင်းသား၊ ကျောင်းသူ ၁၈၅ ဦးကို သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာ ဆရာကြီးများ၏ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myancophram) ကို မိဘများ၏ သဘောတူညီမှုနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသားကျောင်းသူများကို နောက်ရက်များတွင် သက်ဆိုင်ရာ အုပ်စုများအလိုက် သတ်မှတ်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ