သာပေါင်း ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် သား၊သမီး ကျောင်းသား၊ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့မရဲစခန်းဝန်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုးမှ ရဲတပ်ဖွဲ့ဝင် သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာ စကား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာရေးနှစ်တွင် တတ်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများအား ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရန်အတွက် တက္ကသိုလ် တတ်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် (၁၅၀၀၀)ကျပ်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် (၁၀၀၀၀)ကျပ်စီဖြင့် (၃)ဦးအတွက် (၃၀၀၀၀)ကျပ်၊ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူတစ်ဦးလျှင် (၈၀၀၀)ကျပ်စီဖြင့် (၂)ဦးအတွက် (၁၆၀၀၀)ကျပ်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် (၅၀၀၀)ကျပ်စီဖြင့် (၄)ဦးအတွက် (၂၀၀၀၀)ကျပ်၊ မူကြိုကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် (၃၀၀၀)ကျပ်စီဖြင့် (၃)ဦးအတွက် (၉၀၀၀)ကျပ်၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၃)ဦးအတွက် (၉၀၀၀၀)ကျပ်တိတိ ပေးအပ်ထောက်ပံ့ခဲ့ကြပြီးနောက် ထပ်ဆောင်း၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုးနှင့် ဒုတိယရဲမှူး ဝင်းနိုင်ဦးတို့က ထပ်မံ၍ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင်(၅၀၀၀)ကျပ်စီဖြင့် (၃)ဦးအတွက် (၁၅၀၀၀)ကျပ်၊ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် (၃၀၀၀)ကျပ်စီဖြင့် (၂)ဦးအတွက် (၆၀၀၀)ကျပ်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် (၂၀၀၀)ကျပ်စီဖြင့် (၄)ဦးအတွက် (၈၀၀၀)ကျပ်နှင့် စာရေးကရိယာပစ္စည်းတန်ဖိုး(၃၀၀၀၀)ကျပ် စုစုပေါင်း(၅၉၀၀၀)ကျပ်တို့ကို တာဝန်ရှိသူများက အသီးသီးပေအပ် ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်