သရက် ဇွန် ၁၃
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် (၅)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် သရက်ခရိုင်အသင်း၏ တံခွန်စိုက်ဆုဖလားအပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့်အဖွဲ့ဝင်များအား (၁၉)နှစ်အောက် (၅)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အားကစားသမားများမှ တစ်ဦးချင်း မိတ်ဆက်ပြီး မကွေးတိုင်းဝန်ကြီးချုပ် ချီးမြှင့်ခဲ့သည့် ပထမတံခွန်စိုက်ဆုဖလားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်ထံ ခရိုင်အားကစားနှင့်ကာယပညာဦးစီးမှူး ဦးသူရခိုင်ကျာ်နှင့်နည်းပြများက အပ်နှင်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဂုဏ်ပြုအမှာစကား ပြောကြားပေးခဲ့သည်။
ထို့နောက် (၅)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက် ဆုဖလားရရှိခဲ့သည့် အားကစားသမားများနှင့် ဂိုးသမားအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဆုရရှိခဲ့သည့် အားကစားသမားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေ(၅)သိန်းချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်/ပြန်ဆက်