ကော့သောင်း ဇွန် ၁၃
မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံ ကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဓာတ်ပုံပြပွဲတွင် အဆိုပါကျောင်းရှိ သင်တန်းသူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ၊ နိုင်ငံတော်မှ အမျိုးသားရေးတာဝန်အဖြစ် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေ အနေများ၊ မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများနှင့် သက်ဆိုင်သည့် ပညာပေးရောင်စုံဓါတ်ပုံများ၊ ပညာပေးစာစောင်များ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုအန္တရာယ်ဆိုင်ရာအသိပညာပေး ရုပ်ပုံကားချပ်များ၊ နယ်စပ်ဒေသဖြစ်သည့်အတွက် ငယ်ရွယ်သူအမျိုးသမီးငယ်များလူကုန်ကူးမှု အန္တရာယ်မှ ကင်းဝင်းစေရန် ကြိုတင်သတိပြုဆင်ခြင်လိုက်နာရန် လိုအပ်သည်များစသည့် အသိပညာပေးချက်များအားခင်းကျင်းပြသရာ သင်တန်းသူများ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)