ချောင်းသာ​မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ချောင်းသာ ဇွန် ၁၂

ချောင်းသာ​မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၂၀၂၂-၂၀၂၃)ပ ညာသင်နှစ်အတွက်  ဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများအတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ချောင်းသာ​မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်  ဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများအား (၂၀၂၂-၂၀၂၃) ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများကို မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံပေးအပ်ခဲ့ ကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)