ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များအကြောင်းသိရှိစေရန် အသံချဲ့စက်များဖြင့်လိုက်လံနှိုးဆော်

ပလောက်၊ စက်တင်ဘာလ   ၇

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ်ရုံးမှ တာဝန်ရှိသူများသည် ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စုရှိ ရာမညဂရုဏာနာရေးကူညီမှုအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ စာရေးတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များအကြောင်းသိရှိစေရန် အသံချဲ့စက်များဖြင့် ယမန်နေ့ (၉) နာရီအချိန်ခန့်က လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် ကျောက်လုံးကြီးကျေးရွာအုပ်စုရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများတိကျစွာလိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များဖြစ်သည့် လူစု၊ လူဝေးသွားရောက်ခြင်း၊ ရှောင်ကြဉ်ကြရန်၊ ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောသန့်စင်ကြရန် စသည့် ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများသိရှိစေရန်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်  (ပလောက်-ပြန်/ဆက်)