ငပုတော ဇွန် ၁၂
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွား စေရေးအတွက် အဘိတ်ဆေးများ ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ်တွင် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယမန်နေ့နံနက် နာရီက၁၀ ငပုတောမြို့မြောက်ပိုင်း ရပ်ကွက် ယင်းမာလမ်း၊ မဂ္ဂလမ်းနှင့် ရွှေမြကွင်းရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးကြိုကာလသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ခြင်များအလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်၊ ရေစည်၊ ရေပုံးများ အတွင်းသို့ အဘိတ်ဆေးများခတ်ခြင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊လဲ ၊စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် ဘုရားပန်းအိုးများ၊ သောက်တော်ရေခွက်များ၊ မိုးရေတင်ကျန်နိုင်သည့် တာယာခွံများနှင့် ရေအိုးဟောင်းများတွင် ရေများမခိုအောင်းစေရေးဆောင်ရွက်ပေးကြပါရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသအကြောင်းအရာများအား အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းနှင့် ခြင်းဆေးဖျန်းခြင်းလုပ်ငန်းများကို သတ်မှတ် ထားသည့်လမ်းညွှန် ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်သူ(ငပုတော ပြန်/ဆက်)