မင်းလှ ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနက “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အားလုံးပါဝင်ဆောင်ရွက်ပေး” ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်း၊ ရထားလမ်းကွေ့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆိုင်းဘုတ်စိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းစိုက်ထူပေးခဲ့ကြသည်။
မြို့နယ်အတွင်းကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွာစေရန်အတွက် မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများအတွင်း နေအိမ်များ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အသိပညာပေးပြောကြားခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန့်ဇင်စိုး(ပြန်/ဆက်)