ကျွန်းစုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

ကျွန်းစု ဇွန် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက်(၇)နာရီခွဲအချိန်က မြို့ပေါ် အမှတ်(၁)ရပ်ကွက်၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်/ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခဲ့ကာ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)