ကျောက်ကြီးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

ကျောက်ကြီး ဇွန် ၁၁

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြည်သူ့ဆေးရုံရှေ့တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြီး "သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးအားလုံး ပါဝင်ဆောင်ရွက်ပေး " အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခဲ့သည်။

 ဆိုင်းဘုတ်စိုက်ထူရာတွင် ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလွင်ဌေးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်ပြီး၊ “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” အသိပညာပေး ဆိုင်းဘုတ်အား တာဝန်ရှိသူများက အမွှေး နံ့သာများ ပက်ဖြန်းခြင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ကလေးသူငယ်များ သွေးလွန်တုပ်ကွေး ရောဂါကင်းဝေးစေရန် ဆုတောင်းမေတ္တာပို့သခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ကြီးမြို့နယ်အတွင်း “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” အသိပညာပေး ဆိုင်းဘုတ်အား မြို့နယ်ပြည်သူ့ဆေးရုံရှေ့၊ နတ်သံကွင်းဒေသ တိုက်နယ်ဆေးရုံရှေ့နှင့် မုန်းဒေသ စျေးလမ်းဇုံတို့တွင် စိုက်ထူခဲ့ကြောင်းသိရသည်။

မြို့နာ်ပြန်/ဆက်