ရေတာရှည် ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး မြေစိုက်ပြဘုတ်ကို ယနေ့နံနက်ပိုင်း က လူသွားလူလာများရာ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ပြည်သူ့ဆေးရုံရှေ့၌ စုပေါင်း စိုက်ထူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဥက္ကာသန်း၊ ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒာညီဆွေနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး မြေစိုက်ပြဘုတ်အား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် သွေးလွန်တုပ်ကွေးရောဂါသည်နေ့ အချိန်တွင် ကိုက်လေ့ရှိသော ခြင်ကျားကိုက်ခံရခြင်းမှ ကူးစက်ကြောင်းနှင့် ခြင်ကျားလောက်လန်း မပေါက်ဖွားအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများအား အများပြည်သူ သိရှိစေရေးအတွက် အသိပညာပေးစိုက်ထူပြသထားရှိခြင်းဖြစ်ပြီး အလားတူ ရေတာရှည်မြို့နယ်အတွင်းရှိ ဆွာမြို့နှင့် ရေနီမြို့များ၌လည်း လူစည်ကားရာနေရာများ၌ စိုက်ထူပြသထားရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရေတာရှည်